- <
b> ကဗျာလက်ဆောင်
တွေ့ချင်တယ် မင်းကိုလေ... ဖိတ်ခေါ်သံတွေနဲ့ ဖော်ရွေတတ်တဲ့ နင့်ရဲ့စကားသံတွေကြောင့် ငါ့ရဲ့နားထဲ ပဲ့တင်လှိုင်းထပ်ပေါ့သူရယ်.... စာတွေရေးလို့ ခင်မင်ရ ဟိုး...ဖားကန့်က ကျောင်းတက်နေတဲ့သူငယ်ချင်းရယ် စာကြိုးစားပါကွယ်... ထားဝယ်သားက မြန်မာလိုထော မပီကလာ ပီကလာပြော ခန္တီးရှမ်းသူ ပြန်ကာဆူ နားမလည်ဘူးတဲ့သူ လာလည်ပါတဲ့ ဖိတ်ခေါ်သေး ကချင်မနောပွဲလေး သွားချင်ပေမယ့် ကျွန်တော့်မှာ ဒီနှစ်မအားပါ လာမယ်သူရယ် စိတ်သာချ နောက်နှစ်ဆိုရင်ဗျ လာတဲ့အခါမှ မရှောင်ပြေးကြေး ငါ့ကို နင်ကတိပေး... ကျောင်းပြီးရင်တော့လာမယ်ဆို ထားဝယ်မောင်းမကန်ကို ကြိုကာပြောပေါ့ သူငယ်ချင်းရယ် လာမယ်ဆိုရင်ကွယ် သတိရရင်လေ ဖုန်းဆက်တော့ အချိန်တိုင်းလိုလိုပေါ့... ကဗျာလေးတစ်ပုဒ် စပ်ကာဆို နင်နဲ့ငါ့အကြောင်းကို သတိရမှုနဲ့ ဆုတောင်းပေး ပျော်ရွှင်ပါစေမင်းဘ၀လေး ပေးလိုက်ပါတယ် လက်စွဲဆောင်ပုဒ် လုပ်စရာရှိတာ ချက်ချင်းလုပ် ခင်မင်လွန်းလို့လက်ဆောင်ပေး ဟောဒီစာကြောင်းလေး... '"သူငယ်ချင်းရယ် လောကကြီးမှာ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ပါဘူး။ခန့်မှန်းလို့ပဲ့ရတာပါ"
*အလွမ်းဆုတောင်း*
အလွမ်းဆိုတာ ကျန်ရစ်သူအတွက်သူ့ရဲ့မေတ္တာကို ချစ်သူအပေါ်ထားခဲ့သမျှ
ဝေးကွာခဲ့တဲ့အချိန်မှာ တန်ပြန်ရခဲ့တဲ့
ဒဏ်ရာလေးတစ်ခုပေါ့.....
ကောင်မလေးရယ်...
နင်ပြန်ပေးခဲ့တဲ့ လွမ်းဆွေးမှုတွေဟာ
ငါ့အတွက် ပူလောင်လှပေမယ့်
နင်လျောက်တဲ့လမ်းဟာ သာယာတယ်ဆိုရင်ပဲ့
အလွမ်းတွေရဲံ့ အချို့တစ်ဝက်လောက်တော့
ငါဖြေသိမ့်နိုင်ပါတယ်...
ဒဏ်ရာတွေကို ထုတ်နှုတ်လို့
စာစီမရအောင်မရအောင် ကွဲနေခဲ့တဲ့
ဝေသနာအသည်းရဲ့ နာကျင်မှုမျိုး
သာယာနေတဲ့ နင့်ဘ၀လေးမှာတော့
တန်ပြန်ပျော်ရွှင်မှုတွေနဲ့အတူ
ထာဝရအပြုံးပန်းဆင်နိုင်ပါစေ...ချစ်သူ။
အချစ်နဲ့သက်တန့်
မှောင်မိုက်လွန်းတဲ့ ငါ့ဘ၀မှာ ကြယ်ရောင်လေးမျှ ထွန်းလင်းပေးတဲ့အိပ်မက်နတ်သမီးလေးတစ်ယောက်...
နင်ပေါ့...
သက်တန့်တစ်ကုံးလို လှပနေတဲ့
နင့်ဘသလေးမှာ ငါဟာဆေးရောင်စုံတွေထဲက
ကာလာတစ်မျိုးလို့ အများကပြောပါစေ...
နေရာကျယ်ပြောတဲ့ နင့်ရဲ့နှလုံးသားမှာ
ငါ့ကို တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ခွင့်ပေးခဲ့လို့...
ငါ့ရဲ့နားတွေ ပိတ်ထားတယ်။
နယ်နမိတ်ကျဉ်းတဲ့ ငါ့အသည်းနှလုံးဟာ
အသည်းသခင်မ မင်းတစ်ယောက်တည်းအုပ်စိုးခဲ့ပေါ့...
ဒါပေမယ့်... မိန်းကလေးရယ်
သက်တန့်ဆိုတာ..
ရေငွေ့နဲ့ နေရောင်ခြည်တို့
လုံလောက်စွာ ရောစပ်မှ
လှပစွာ ဖြစ်ပေါ်တယ်ဆိုတာ
တဖြည်းဖြည်းနဲ့ ငါနားလည်လာပြီလေ...